Enjoy Our Service & Pleasure

Cellular light weight concrete blocks

Picture

CLC Foam Concrete ကို အပူအအေးကာကွယ်ရန်အတွက် ၁၉၆၀ ခုနှစ် အလွန်မှာ စတင်ဖော်ထုတ်ခဲ့ကြပါသည်။ ပြည်ပနိုင်ငံများမှ ၁၉၈၀ ခုနှစ်မှ စတင်ကာ ယနေ့ထိ အသုံးပြုနေကြပါသည်။သာမန် အသုံးပြုကြသော ဘိလပ်မြေ + သဲ + ရေ ( Fly ash - ကျောက်မီးသွေးပြာ )များဖြင့် လွယ်ကူစွာ ပေါင်းစပ်နိုင်သော လေပူပေါင်း လေးများစွာဖြင့်အချိုးကျဖွဲ့ စည်းရောစပ်ကာ ပြုလုပ်ထားပါသည်။

Movie
  • အပူ/ အသံ / ကာရန် ၊ အုတ်များထုတ်လုပ်ခြင်း။

  • အသင့်သုံးPre Cast အချပ်များထုတ်လုပ်ခြင်း။

  • ရေမြောင်း + အဖုံးမျာ်းအသင့်လောင်းထုပ်လုပ်ခြင်း။

  • အအေးခန်း / အသံလုံခြင်းဆိုင်ရာ အခန်းများတည်ဆောက်ခြင်း။

  • လမ်းတံတား အောက်ခံ Sub base များခင်းခြင်း။

  • ခေတ်မှီ ပန်းခြံ ထိုင်ခုံများ/ အလှအပ ရုပ်ထုများ ၊ အနုပညာ ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း။

Location

စွမ်းအင်ခြွေတာ ( Save Energy)

သာမန်အုတ်များထုတ်လုပ်စဉ် မီးဖုတ်ခြင်းမလိုသောကြောင့် လောင်စာနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် အထောက်အကူဖြစ်စေပါသည်။

မီးလောင်ဒဏ်ခံနိုင်ခြင်း ( Fire Resistant)

Foam ကွန်ကရစ်သည် ၁ လက်မထုမှ စ၍ (၁) နာရီမှ (၄)နာရီထိ အပူကူးစပ်ခြင်းမရှိသောကြောင့် မီးလောင်ခြင်းကို ကာကွယ်ပေးပါသည်။

အပူဒဏ်ခံနိုင်ခြင်း ( Thermal Insulation)

သာမန်ကွန်ကရစ်များနှင့်ယှဉ်လျှင် အပူကူးနှုန်း ( ၅ / ၉) ဆအထိ လျော့နည်းသောကြောင့်အခန်းအတွင်း အပူချိန်လျော့ချစေခြင်း ၊ အဲလ်ကွန်းအသုံးပြုမှု သက်သာစေပါသည်။

မာကျောခြင်း ( Strong and durable)

CLC block သည် သာမာန် အုတ်အလေးချိန်ထက်ပေါ့ပြီး ၊ မာကျောသော အဆင့်အတန်းအား လိုအပ်သလို ထုတ်လုပ်နိုင်သောကြောင့် ကုန်ကျမှုစရိတ် လျော့နည်းစေပါသည်။

လွယ်ကူစွာတည်ဆောက်နိုင်ခြင်း ( Easy to Build)

သာမန်အုတ် (၅၃၄) လုံးအစား CLC Block ၊ (၇၅) လုံးစီးခြင်းနှင့် ညီမျှပြီး အဆင့်မြင့် အဆောက်အဦးများအတွက် ရွှေ့လျားထုတ်လုပ်ခြင်း ၊ Mobile Product ကြောင့် သူံးစွဲသောနေရာ အရောက်ထုတ်လုပ်နိုင်ခြင်းကြောင့် ကုန်ကျစရိတ် သက်သာစေပါသည်။

ပေါ့ပါးခြင်း ( Very Light Weight)

Foam များ သန်းနှင့်ချီပါဝင်သောကြောင့် သာမန်အုတ်၊ ကွန်ကရစ်များထက်ပိုမိုပေါ့ပါးပြီး ကုန်ကျစရိတ်သက်သာစေပါသည်။

Foam generator